စလင်း နိုဝင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဆင်ဖြူကျွန်းဒေသတွင် စိုက်ပျိုးထားရှိသည့် ဝါ၊ ငရုတ်၊ နေကြာ၊ ကြက်သွန်နီ စိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဖောင်းလင်းကျေးရွာအုပ်စုနှင့် ဆင်ဖြူကျွန်းမြို့ သရက်ချဉ်ကျေးရွာအုပ်စု သစ္စာမြိုင်ကွက်သစ်ရပ်ကွက်တွင် စိုက်ပျိုးထားသည့် ကြက်သွန်နီခင်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ် ဖောင်းလင်းကျေးရွာအုပ်စု ဝါ၊ ငရုတ်၊ ဆီထွက်သီးနှံဖြစ်သည့် နေကြာစိုက်ပျိုးထားရှိမှုများကို မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး တင့်ကျော်၊ လယ်ယာမြေစီမံခန့်ခွဲရေးစာရင်းအင်းဦးစီးဌာန မင်းဘူးခရိုင် ဦးစီးမှူး ဦးဇော်မင်းနိုင်၊ မင်းဘူးခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလှမိုး၊ စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် တာဝန်ရှိသူများက ဖောင်းလင်းကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးထားရှိသည့် ချည်မျှင်ရှည်ဝါ ရွှေတောင်-၈ (၂၅.၀၀)ဧက မျိုးစေ့ထုတ်စံပြကွက်၊ တောင်သူ ဦးသန်းဌေးပါ (၆) ဦး စိုက်ပျိုးသည့် ဝါစိုက်ခင်းအားလည်းကောင်း၊ မိုးနေကြာမျိုးစေ့ထုတ် စံပြစိုက်ခင်း တောင်သူ ဦးစိုးပိုင်စိုက်ပျိုးသည့် ဦးပိုင်အမှတ် (၁၀၀) ဆင်းရွှေနေကြာစိုက်ခင်းနှင့် တောင်သူ ဦးဗိုလ်ကြည် စိုက်ပျိုးထားသည့် (၆) ပိဿာငရုတ်မျိုး (၈)ဧကစိုက်ပျိုးထားရှိမှု စိုက်ခင်းအောင်မြင်ဖြစ်ထွန်း ပြီး စိုက်ရက်များနှင့်အထွက်နှုန်းထွက်ရှိမှုနှုန်း ငရုတ်အစိုတစ်ပိသာလှမ်းလျင် ၂၅ ကျပ်သားတင်ရှိကြောင်းများအား ငရုတ်စိုက်တောင်သူ ဦးဗိုလ်ကြည်မှ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဆင်ဖြူကျွန်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ဆုနှင်းသဘင်ခန်းမဆောင်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော အခြေခံလူတန်းစားအိမ်ထောင်စု (၅၀၀)အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခရိုင်စီမံအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဒုတိယ ဗိုလ်မှူးကြီး တင့်ကျော်နှင့် စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးဉက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ အခြေခံလူတန်းစားအိမ်ထောင်စု (၅၀၀) အား တစ်ဦးခြင်းစီ ထောက်ပံ့ပေးအပ်ခဲ့ပြီး သရက်ချဉ်ကျေးရွာအုပ်စု သစ္စာမြိုင်ရပ်ကွက်တွင် တောင်သူဦးမောင်မောင်လွင် စိုက်ပျိုးထားသည့် မိုးနှောင်းကြက်သွန်နီစိုက်ခင်း ရွှေဖလားကြက်သွန် မြစ်သားမျိုး (၁၀)ဧကစိုက်ပျိုးထားရှိမှု အောင်မြင်ဖြစ်ထွန်းကြောင်း သွားရောက်ကြည့်ရှုခဲ့ကြရာ ကြက်သွန်စိုက်တောင်သူ ဦးမောင်မောင်လွင်က (၁)ဧကလျှင် ကြက်သွန်နီပိဿာ (၅၀၀၀)ထွက်ရှိမည်ဟု ခန့်မှန်း၍ မြစ်သားမျိုးကြက်သွန်စိုက်နည်းစနစ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)