အမြို့မြို့အနယ်နယ်သတင်းများ

Nov 23,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးသည် ပညာရေးဌာနနှင့် ပူးပေါင်း၍ အခြေခံပညာကျောင်းသား/ကျောင်းသူလေးများ အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ စာဖတ်ခြင်းအလေ့အထကောင်းများ ရရှိလာစေရန် ရည်ရွယ်ချက်ဖြင့် အခြေခံပညာကျောင်းများသို့ သွားရောက်၍
Nov 23,2022
တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် လူရည်ချွန်အတွက် အင်္ဂလိပ်ဘာသာနှင့် သင်္ချာဘာသာစာမေးပွဲဖြေဆိုနေမှုအား ယမန်နေ့နံနက်(၉) နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းအတွင်း၌ ကျင်းပကြောင်းသိရသည်။
Nov 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အမှတ်(၁၂)ရပ်ကွက်၊ အထက-၁ ကျောင်းတွင်နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ၊ အသက်(၁၀)အထက်ကျောင်းသား၊ ကျောင်းသူများအား လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီး မှူးရုံးမှမြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည်" လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၂)အဖြစ် နိုင်ငံသားစိစစ်ရေး ကတ်ပြားများထုတ် ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို နိုဝင်ဘာလ(၂၃)ရက်နေ့နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့အမှတ်(၁၂)ရပ်ကွက်၊ အထက-၁ကျောင်းခန်းမ၌ပြုလုပ်ပေးခဲ့ကြသည်။
Nov 23,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ စိုက်ပျိုးသော ပဲစင်းငုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
Nov 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်  Mask များ အခမဲ့ဖြန့် ဝေပေးခြင်းကို ယနေ့ နံနက်ပိုင်းက ကျိုက်လတ်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ၇ ဖြတ်လမ်း နှင့် ဦးစန္ဒာလမ်းမကြီး လမ်းဆုံ လူစည်ကားရာနေရာ၌ ပြုလုပ်ခဲ့သည်။
Nov 23,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်လမ်းဦးစီးဌာနမှ မြို့နယ်အတွင်း ကုန်စည်စီးဆင်းမှု မြန်ဆန်ရေး ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သားလမ်းပိုင်းမှ ပျက်စီးနေသည့်နေရာများအား ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် ပြန်လည်ပြုပြင်ပေးခဲ့ရာ လုပ်ငန်းများရာနှုန်းပြည့် ပြီးစီပြီဖြစ်ကြောင်း သိရသည်။
Nov 23,2022
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့မစည်ပင်သာယာဈေး၌ ယနေ့နံနက် ၁၀ နာရီအချိန်က မီဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများ စစ်ဆေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲ ကျင်းပခဲ့ကြောင်းသိရသည်။
Nov 23,2022
ညောင်ဦး ခရိုင်အတွင်းမှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ ၁၀၈ ဦးအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ  ၁၀၀ ဦးတို့ကို စက်ဘီးအစီးရေ ၁၀၀ စီးနှင့် ငါးပါး သီလဓမ္မဒါနစာအုပ်ရေ ၁၈၀၀ ကျော်လှူဒါန်းခြင်းနှင့် အခြေခံပညာကျောင်းများမှ ဆရာ/ ဆရာမ ၁၆၂၉ ဦးအား ကျောင်းဝတ်စုံများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ယွန်းပညာကောလိပ်တွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။