ဂန့်ဂေါမြို့တွင် စားသုံးဆီ၊ ကြက်ဥနှင့် ဆန်များအား ဈေးနှုန်းချိုသာဖြင့်ရောင်းချ

ဂန့်ဂေါ နိုဝင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ပြည်သူများအား စားသုံးဆီ၊ ကြက်ဥနှင့် ဆန်များကို ဈေးနှုန်းချိုသာစွာဖြင့် ယမန်နေ့နံနက် ၈ နာရီအချိန်က ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဒေသခံပြည်သူများအား အဆင်ပြေစေရန် စားသုံးဆီ၊ ကြက်ဥနှင့် ဆန်များကို တိုင်းဒေသကြီးအစိုးရ၏ စီစဉ်ကြီးကြပ်မှုဖြင့် ဂန့်ဂေါမြို့နယ် သက်သာချောင်ချိရေးကော်မတီမှ တန်ဖိုးသင့်အခြေခံ စားကုန် များကို ဒေသခံပြည်သူများ မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်စေရန် စဉ်စဉ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

ထိုသို့ ရောင်းချပေးရာတွင် ဆန်တစ်ပြည်ကို  ၁၅၀၀ ကျပ်၊ ဆီ (၃၅)ကျပ်သားတစ်ဗူးလျှင် ၂၅၀၀ ကျပ်နှင့် ကြက်ဥ ၅ လုံးလျှင် ၁၀၀၀ ကျပ်ဖြင့် ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး လျက်ရှိပြီး ဆန် ၂၄၀ ပြည်၊ ဆီ ၃၅ ကျပ်သားဗူး ၄၅ ဗူးနှင့် ကြက်ဥအလုံး ၂၀၀၀ တို့ကို ရောင်းချပေးခဲ့ ကြောင်း သိရှိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)