ဒဂုံမြို့နယ်တွင် ပြည်သူများလက်ဝယ်အရောက် ဆန်၊ဆီ၊ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ဖြန့်ဖြူး ရောင်းချ

ဒဂုံ နိုဝင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ယနေ့ နံနက် ၈ နာရီကစ၍ ဘုရားကြီးရပ်ကွက်၊ ​ရွှေတိဂုံလမ်းရှိ နိုင်ငံတော် ကာကွယ်​ရေး တက္ကသိုလ်ဝန်း၌ ဆန်၊ ဆီ၊ ကြက်ဥများအား ညွှန်ကြားချက်များနှင့်အညီ ​နေ့စားဝန်ထမ်းနှင့် မိသားစုများအား ရောင်းချ​ပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ရောင်းချရာတွင် ဆန်တစ်ပြည်လျှင် ၁၇၀၀ ကျပ်၊ စားအုန်းဆီ ၁ ပိဿာလျှင် ၄၅၀၀ ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၁၈၀ ကျပ် ဖြင့် လူတစ်ဦးလျှင် ဆန်တစ်ပြည်၊ ဆီ ၂၅ ကျပ်သား၊ ကြက်ဥ ၁၀ လုံးတို့အား ရပ်ကွက်တွင်းရှိ ပြည်သူများအား ရောင်းချ ပေးခဲ့သည်။ အဆိုပါ ရောင်းချရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူ​ကျော်နှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။

ကြည်​ဇေ​သော်