ဟိုပုံး နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ဟိုပုံးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စွမ်းရည်ပြိုင်ပွဲတွင် သင်္ချာဘာသာရပ်၊ အင်္ဂလိပ်စာ ဘာသာရပ်ရေးဖြေယှဉ်ပြိုင်ခြင်းကို နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ပြီး အင်္ဂလိပ်စွမ်းရည် လူတွေ့ပြိုင်ပွဲကို နေ့လည်ပိုင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် Grade-5 မှ Grade-9 ထိ ကျောင်းသား/ ကျောင်းသူ ( ၂၄၁ )ဦး၊ သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် Grade-5 မှ Grade-9 ထိ(၂၆၀ )ဦး၊ စုစုပေါင်း ( ၄၃၃ )ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
စွမ်းရည်ပြိုင်ပွဲကို မြို့နယ်ပညာရေးမှူး ဦးမြင့်ဝေနှင့် အ.ထ.က(၁)ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းနွဲ့၊ အထက(၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်အေးတို့၏ ကြီးကြပ်မှုဖြင့် ဖြေဆိုခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ (ပြန်/ဆက်)