ကျောက်ဆည် နိုဝင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံပိုလျှံရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နေကြာမျိုးကောင်းမျိုးသန့်များ၊ စိုက်ပျိုးနည်းပညာများကူညီပံ့ပိုးမှုဖြင့် မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးလျက်ရှိရာ ပြည်ပန်းကျေးရွာတွင် စိုက်ပျိုးထားသော မျိုးစေ့ထုတ်နေကြာ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အဆိုပါမျိုးစေ့ထုတ်နေကြာသီးနှံများကို ပြည်ပန်းကျေးရွာ ကွင်းအမှတ်(၂၀၀)၊ ဦးပိုင်အမှတ်(၂၁/ခွဲ-၂)နှင့် (၃၁/ခွဲ-၁) တောင်သူဦးညိုတင်၏ မြေ(၄)ဧကတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာမှ စနစ်တကျနည်းပညာ ကူညီမှုများဖြင့် စိုက်ပျိုးထားခြင်းဖြစ်ကြောင်းနှင့်စိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီပြီးအောင်မြင်ဖြစ်ထွန်းသည့် အပင်ပေါက်နှုန်း(၈၀)ရာခိုင်နှုန်း အထက်ရှိသော ရေဆင်းစပ်မျိုး(၁)နေကြာမျိုးများကို တစ်ဧကသုံးပြည်အသုံးပြုပြီး သတ်မှတ်အပင်ဦးရေ(၂၉၀၀၀)ဝင်ဆန့်စေရန်တန်းကြား(၂)ပေ၊ ပင်ကြား (၉)လက်မဖြင့် (၁)ကျင်းလျင်မျိုးစေ့ (၂)စေ့နှုန်းဖြင့် အပင်ပေါက်သေချာစေရန် မြေတွင်းအစိုဓာတ်လုံလောက်ချိန်တွင် အနက်တစ်လက်မခွဲမှ နှစ်လက်မထက်မနက်စေဘဲစနစ်တကျ စိုက်ပျိုးလျက်ရှိ ကြောင်းနှင့် သွင်းအားစုအနေဖြင့် တစ်ဧက နွားချေးနှင့် မြေဆွေးတစ်မျိုးမျိုးကို နွားလှည်း(၅)စီးမှ (၁၀) စီး၊ယူရီယား(၁၁၂)ပေါင်၊ တီစူပါ(၅၆)ပေါင်နှင့် ပိုတက်ရှ်(၅၆)ပေါင် ထယ်ရေးပြင်ချိန်တွင်အသုံးပြုပြီး အဖူးဝင်ချိန်တွင် ယူရီးယား(၅၆)ပေါင် ထပ်မံထည့်သွင်းစိုက်ပျိုးကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင်ဆောင်းနေကြာသီးနှံများကို တိုက်နယ်(၁)တွင် (၃၃၆)ဧက၊ တိုက်နယ်(၂) တွင် (၇၄၇)ဧက၊တိုက်နယ်(၃) တွင်(၃၆)ဧက၊ တိုက်နယ်(၅)တွင်(၆)ဧက၊တိုက်နယ်(၆)တွင်(၂၃၀)ဧက၊ တိုက်နယ် (၇)တွင်(၇၄)ဧက၊ တိုက်နယ်(၈)တွင် (၁၁၉၀)ဧက၊ တိုက်နယ်(၉)တွင်(၂၅)ဧက၊ တိုက်နယ် (၁၀)တွင်(၄၁၈)ဧက၊ တိုက်နယ်(၁၁)တွင်(၃၈)ဧက၊ တိုက်နယ်(၁၂)တွင်(၄၂)ဧက၊ စုစုပေါင်း (၃၁၄၀)ဧက စိုက်ပျိုးထားကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရသည်။
သက်မောင်(ကျောက်ဆည်)