သရက် နိုဝင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး သရက်မြို့၌ စားသုံးရန် မသင့်ဟုထုတ်ပြန်ထားသောစားသောက် ကုန်များ ရောင်းချနေမှု ရှိ/မရှိ နှင့် ဈေးကွက်အတွင်း လက်ကျန်မရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ခရိုင်စားသုံးသူဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမားရေးဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့က ယမန်နေ့နံနက် ၉ နာရီခွဲက မြို့မဈေးအတွင်း ရောင်းချနေသည့် ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသော Singapore Food Agency မှ ထုတ်ပြန်ထားသည့် အင်ဒိုနီးရှား နိုင်ငံထုတ် Mie Sedaap ကုန်အမှတ်တံဆိပ်ပါ အစားအသောက်(၆) မျိုးအနက် သက်တမ်းကုန်ရက်စွဲရှိ ၊ အမျိုးအမည်များတွင် Ethylene Oxide ပါဝင်မှုသည် သတ်မှတ်ပမာဏထက် ပိုမိုပါဝင်နေခြင်းကြောင့် သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသည့်အတွက် အဆိုပါစားသောက်ကုန်များ ဈေးကွက်အတွင်း ရောင်းချမှု ရှိ၊မရှိ နှင့် ကုန်ပစ္စည်း လက်ကျန်မရှိစေရေးတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)