ဗိုလ်တထောင် နိုဝင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် အမှတ်(၆)အခြေခံပညာ အထက်တန်း ကျောင်းတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်က ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါအသိပညာပေး ဟောပြောပွဲ တွင် လူမှုဝန်ထမ်းဦးစီးဌာန မလိခ(၄)သင် တန်းကျောင်းအုပ် ဒေါ်ခင်မော်ဆွေက ကလေးသူငယ်ဆိုင်ရာအခွင့်အရေးကို ကိုယ်တိုင်သိရှိနားလည်ရေး၊ ပြန်လည် ထူထောင်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ဆွေလှိုင်က မူးယစ်ကင်းစင် ပပျောက်ရေး၊ လူကုန်ကူးခြင်းကင်းဝေးဖို့ အားလုံးဝိုင်းဝန်းပူးပေါင်းစို့ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသူရိန်အောင်က ကြိုတင်ကာကွယ်သဘာဝဘေး အန္တရာယ် ခေါင်းစဉ်ဖြင့် ရေဘေး၊ မုန်တိုင်းဘေး အသိပညာပေး ကြိုတင်ပြင်ဆင်ရန် အချက်များ၊ ဖြစ်နေစဉ်ဆောင်ရွက်ရန် အချက်များ၊ ဖြစ်ပြီးချိန်တွင်လိုက်နာရန် အချက်များကို ဟောပြောခဲ့သည်။
အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမများ၊ ကျောင်းသား(၁၅၀)ဦး တက်ရောက်ခဲ့ကြပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေး ခဲ့ကြောင်းသိရသည်။
မေနှင်း(ဗိုလ်တထောင်)