အမ်းမြို့နယ်၌  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ လိုက်နာမောင်းနှင်သွားလာနိုင်စေရေး အသိပညာပေးဟောပြောပွဲကျင်းပ

အမ်း  နိုဝင်ဘာ ၂၆

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်း ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီ လိုက်နာမောင်းနှင်သွားလာနိုင်စေရေး၊ ယာဉ်မတော် တဆမှုများလျော့နည်းစေရေးအတွက် အသိပညာပေးဟောပြောပွဲကို စျေးတောင်ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်ခွဲ (အမှုထမ်း- ၂)၌ ယမန်နေ့ နေ့လယ်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မြို့မရဲစခန်းမှ ဒုရဲမှူးမျိုးကြည်၊ အမ်းယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ ဒုရဲအုပ် သန့်ဇင်ဦးတို့က ဆရာ/ဆရာမများနှင့် ကျောင်းသူကျောင်း သားများအား မှုခင်းကျဆင်းရေး အသိ ပညာပေးဟောပြောခြင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီ လိုက်နာမောင်းနှင်သွားလာ နိုင်စေရေး၊ ယာဉ်မတော် တဆမှုများလျော့နည်းစေရေးအတွက်မော်တော်ကားနှင့် မော်တော်ဆိုင်ကယ်များကို စီးနင်းသူများလိုက်နာရန်စည်းကမ်းများ၊ မော်တော်ဆိုင်ကယ် စီးနှင်းသူများအနေဖြင့် ဆိုင်ကယ်စီးဦးထုတ်ဆောင်း၍ သွားလာကြရန်၊ ခြေလျင်သွားလာသူများ၊ လမ်းဖြတ် ကူးသူများအနေဖြင့် လိုက်နာရမည့် ယာဉ်စည်းကမ်း လမ်းစည်း ကမ်းဆိုင်ရာ ယာဉ်အန္တရာယ်ကင်းဝေးစေရေး အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရသည်။

ဟောပြောပွဲသို့ တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ယာဉ်အန္တရာယ်ကင်းဝေးရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စိုးမင်းထွန်း