ဒဂုံမြို့နယ်တွင် က​လေးသူငယ် အခွင့်အ​ရေးများဆိုင်ရာ​ကော်မတီ ဖွဲ့စည်းတာဝန်​ပေးအပ်

ဒဂုံ နိုဝင်ဘာ ၂၆

ရန်ကုန်တိုင်း​ဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင် မြို့နယ်က​လေးသူငယ် အခွင့်အရေးများဆိုင်ရာ​ ကော်မတီဖွဲ့စည်းတာဝန်​ပေးအပ်ခြင်း အခမ်းအနားအား ယမန်နေ့နံနက် ၁၀ နာရီက ဒဂုံမြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရှိရသည်။

အခမ်းအနားတွင် ဒဂုံမြို့နယ် က​လေးသူငယ်အခွင့်အ​ရေးများဆိုင်ရာ ​ကော်မတီဥက္ကဋ္ဌ ကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်​ရေးမှူး ဦးမင်းခန့်သွင်က အဖွင့်အမှာစကား ​ပြောကြားခဲ့သည်။ ထို့နောက် အ​နောက်ပိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ​ လက်​ထောက်ညွှန်ကြား​ရေးမှူး ​ဒေါ်စန်းစန်းကြည်က ဆောင်ရွက်ရမည့် လုပ်ငန်းများ​အား​ ဆွေး​နွေး​ပြောကြားခဲ့ပြီး တက်​ရောက်လာကြ​သော​ကော်မတီ အဖွဲ့ဝင်များကလည်း သိလိုသည်များအား ပြန်လည်​မေးမြန်း​ ဆွေး​နွေးခဲ့ကြ​ကြောင်း သတင်းရရှိပါသည်။

ကြည်​ဇေ​သော်