အမြို့မြို့အနယ်နယ်သတင်းများ

Feb 23,2026
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်နွေစပါးစိုက်ပျိုးရာသီ၌ နွေစပါး ၂၇၃၄ ဧကစိုက်ပျိုးပြီးစီးကာ အောင်မြင်ဖြစ်ထွန်းနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Feb 23,2026
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်း ပိတ်ရက်ကာလများ၌ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အင်္ဂလိပ်စာအခြေခံဝေါဟာရများကို ကောင်းစွာနားလည်သိရှိစေရန်အတွက် အခြေခံအင်္ဂလိပ်စာသင်တန်းကို မတ်လ ၁ ရက်နေ့မှစတင်၍  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ အခမဲ့ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။
Feb 23,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ နွေသီးနှံအချိန်မီ စိုက်ပျိုး နိုင်ရန်ရည်ရွယ်၍ ကင်းတားတမံရေလွှဲဆည်မှ ဆည်ရေများကို ယနေ့မှစတင်ပြီး စိုက်ပျိုးရေများ ဖြန့်ဝေပေးနေပြီဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
Feb 23,2026
၂၀၂၆ ခုနှစ်၊ မတ်လ(၁၁)ရက်နေ့မှ မတ်လ(၁၇)ရက်နေ့အထိ တက္ကသိုလ်စာမေးပွဲ ကျင်းပဆောင်ရွက်မည်ဖြစ်ရာ ပဲခူးတိုင်းဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်ထားကြသော ကျောင်းသား/ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Indentity Card) များကို ယနေ့နံနက်(၁၀)နာရီအချိန်က သက်ဆိုင်ရာစာစစ်ဌာနများ၌ စတင်ထုတ်ပေးလျက်ရှိသည်။
Feb 23,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်များ အခြေခံပန်းချီပညာ လေ့လာတတ်မြောက်နိုင်စေရန်အတွက် အခမဲ့ပန်းချီသင်တန်းကို ၂၀၂၆ ခုနှစ်၊ မတ်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
Feb 23,2026
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့ မွန်းလွဲ ၁၂ နာရီအချိန်တွင် မြို့နယ်အခြေခံပညာအထက်တန်းကျောင်း Grade - 4 ခန်းမတွင် ဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာသင်တန်း ဆင်းပွဲအခမ်းအနားပြုလုပ်ခဲ့သည်။
Feb 23,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် အားကစားနှင့်ကာယပညာဉီးစီးဌာနမှ နွေရာသီကာလတွင် လူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ နွေရာသီအခြေခံအားကစားသင်တန်းများ အခမဲ့ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
Feb 23,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင် နမ့်စန်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူး၍ နွေရာသီအားကစားအခြေခံသင်တန်းကို အမှတ် (၅) ရပ်ကွက်ရှိ ကျောက်တိုင် အားကစားကွင်းနှင့် မြို့နယ်အားကစားရုံတို့တွင် ဖေဖော်ဝါရီလ ၂၇ ရက်မှစတင်၍ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။