အမြို့မြို့အနယ်နယ်သတင်းများ

Feb 23,2026
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ဖေဖော်ဝါရီလ (၂၁) ရက်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်နှင့်အဆောက်အအုံများ အမိုးလန်ခြင်း၊ ပျက်စီးခြင်းများ ဖြစ်ပွားခဲ့သည့် နေအိမ်များအား အိမ်ဆောက်ပစ္စည်းဖိုး‌ငွေများပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ မှန်တောကျေးရွာဓမ္မာရုံတွင်ကျင်းပရာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး‌ ဒေါက်တာသန်းစိုး၊ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်လဲ့လဲ့အေးနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
Feb 23,2026
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်အတွင်းရှိ မန္တလေးလမ်းမှ လျှော်ဖြူကန် - ပျဉ်သာလမ်း လမ်းအနိမ့်အမြင့်ဖြေညှိ၍ ကျောက်လမ်းပြုပြင်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
Feb 23,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုပြုဌာန၌ ယနေ့နံနက်ပိုင်းက ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးနှင့် အရည်အသွေးရှိသော သတင်းဗွီဒီယိုမှတ်တမ်းများ ရိုက်ကူးတည်းဖြတ်တတ်စေရန်ရည်ရွယ်၍ သတင်းဗွီဒီယိုရိုက်ကူးတည်းဖြတ်ခြင်းသင်တန်း ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
Feb 23,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် မြို့ဌာနဆိုင်ရာများနှင့် Myanmar Underwater Federation မှ ဦးဆောင်၍  နှစ်စဉ်ကျင်းပလျက်ရှိသည့် ကမ်းခြေစုပေါင်း အမှိုက် ကောက်ပွဲအား ယမန်နေ့ နံနက်ပိုင်းက ငွေဆောင်ကမ်းခြေ ၊ ချစ်သူများကျွန်းရှေ့ ကမ်းခြေတစ်လျှောက်တွင် ဆောင်ရွက်ခဲ့ကြသည်။
Feb 23,2026
ကိုရီးယားသမ္မတနိုင်ငံမှလှူဒါန်းသော ဆန် (၁၆၂၀) တန်အား မန္တလေးတိုင်းဒေသကြီးရှိ ငလျင်ဘေးသင့်ပြည်သူများထံ ထောက်ပံ့ရန် စိုက်ပျိုးရေးဦးစီးဌာနမှတစ်ဆင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဥပဒေချုပ် ဦးမြင့်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ APTERR အတွင်းရေးမှူးချုပ်ရုံး အထွေထွေမန်နေဂျာ Dr. Choomjet Karnjanakesorn၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ ကိုယ်စားလှယ် Ms. Kim Weolsoon၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
Feb 23,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့တွင် ရှေးနှစ်ပေါင်းများစွာက တည်ထားကိုးကွယ်ခဲ့သည့် သကျမာရိဇိန်သွန်းဘုရားကြီး၏ (၁၀၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီက ဘုရားကြီး၏ မုတ်ဦးရှေ့တွင် ကျင်းပခဲ့သည်။
Feb 23,2026
မြန်မာ-ကိုရီးယားနှစ်နိုင်ငံပူးပေါင်း၍ ပထမဆုံးရိုက်ကူးထုတ်လုပ်မည့် “အားလုံးကိုကျော်ဖြတ်ကြမယ်” (All Pass) လူငယ်ဒရာမာရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲပေးခြင်းနှင့် မီဒီယာတွေ့ဆုံခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရွှေတိဂုံစေတီတော်ရာဟုထောင့်တွင် ကျင်းပသည်။
Feb 23,2026
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ  ၂၂ ရက်နေ့တွင် ကျရောက်သည့် ရတနာပုံတက္ကသိုလ်၏ (၂၆) နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ  အားကစားခန်းမ-၂ ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များဖြစ်ကြသည့် ဒေါက်တာသွယ်လင်းကို၊ ဒေါက်တာခင်မော်မော်စိုး၊ ဒေါက်တာဦးဝင်းနိုင်၊ သုတေသနစာတမ်းဖတ်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာမိုးယဥ်ယဥ်နှင့် ကော်မတီဝင်များ၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ သုတေသနစာတမ်း တင်သွင်းဖတ်ကြားမည့် စာတမ်းရှင်များ၊ စီမံရေးရာဌာနများမှ အရာထမ်း၊ အမှုထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။