သဲကုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား (Indentity Card)များ ထုတ်ပေး

သဲကုန်း ဖေဖော်ဝါရီ ၂၃

၂၀၂၆ ခုနှစ်၊ မတ်လ(၁၁)ရက်နေ့မှ မတ်လ(၁၇)ရက်နေ့အထိ တက္ကသိုလ်စာမေးပွဲ ကျင်းပဆောင်ရွက်မည်ဖြစ်ရာ ပဲခူးတိုင်းဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်ထားကြသော ကျောင်းသား/ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Indentity Card) များကို ယနေ့နံနက်(၁၀)နာရီအချိန်က သက်ဆိုင်ရာစာစစ်ဌာနများ၌ စတင်ထုတ်ပေးလျက်ရှိသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် သဲကုန်းမြို့နယ်တွင် စာစစ်ဌာန(၄)ခုထားရှိပြီး အ.ထ.က (သဲကုန်း) စာစစ်ဌာနတွင် (၂၉၉)ဦး၊ အ.ထ.က(ပုတီးကုန်း) စာစစ်ဌာနတွင်(၁၇၀)ဦး၊ အ.ထ.က(ဆင်မြီးဆွဲ)စာစစ်ဌာနတွင် (၁၅၃)ဦး၊ အ.ထ.က(အင်းမ)စာစစ်ဌာနတွင်(၃၀၃)ဦး  စာရင်းပေးသွင်းထားသူ အတွင်းဖြေ/ပြင်ပဖြေ  STEAMS-1တွင် (၂၇၂)ဦး၊ STEAMS-2တွင် (၆၅၁)ဦး၊ STEAMSတွင်(၂) ဦး စုစုပေါင်း (၉၂၅)ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ပြီး၊ သဲကုန်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား/ ကျောင်းသူ(၇၆၂)ဦးဝင်ရောက် ဖြေဆိုကာ အောင်မြင်သူ(၂၄၂)ဦးရှိရာ အောင်​​မြင်မှုရာခိုင်နှုန်းမှာ ( ၃၂.၆၃% )ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကိုကျော် (သဲကုန်း)