ရန်ကုန်တက္ကသိုလ်ဝိဇ္ဇာခန်းမ၌ “လူငယ်နှင့်အနာဂတ် နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက်ရေး” အသိပညာပေးဟောပြော

ရန်ကုန် ဇူလိုင် ၈

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များတက်ကြွစွာပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ပူးပေါင်းကျင်းပသည့်“လူငယ်နှင့် အနာဂတ်နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက်ရေး”ခေါင်းစဉ်ဖြင့်အသိပညာပေးဟောပြောပွဲကို ယ​နေ့နံနက်ပိုင်းတွင် ကမာရွတ်မြို့နယ်ရှိ ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစစ်နိုင်က အမှာစကားပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဝန်ကြီး ဦးဗိုလ်ဌေးက အမှာစကားပြောကြားပြီး လူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး လူငယ်ရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးက အသိပညာပေးဟောပြောမည့် ပြည်ထောင်စုဝန်ကြီး(ငြိမ်း)ဦးအောင်နိုင်ဦးကို ဂုဏ်ပြုလက်ဆောင်ပစ္စည်းပေးအပ်သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး(ငြိမ်း)ဦးအောင်နိုင်ဦးက “လူငယ်နှင့် အနာဂတ်နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက်ရေး” အသိပညာပေးဟောပြောခဲ့ပြီး အခမ်းအနားတက်ရောက်လာကြသည့် လူငယ်မောင်မယ်များက သိရှိလိုသည်များကို ပြန်လည်​ဖြေကြားခဲ့​ကြောင်းသိရသည်။

ကျော်ဆန်းမြင့်