Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တိုက်ကြီးမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက် တာဝန်ပေးအပ်ပွဲ ကျင်းပ
May 29,2026
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက် တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီး၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (၂၉) ကြိမ်မြောက် ပန်းချီပြိုင်ပွဲနှင့် ကာတ…
May 29,2026
ရန်ကုန်တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် (၂၉) ကြိမ်မြောက် ပန်းချီပြိုင်ပွဲနှင့် ကာတွန်းပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးညိုမြို့နယ်၌ အခွန်ဆိုင်ရာ ပညာပေးဆွေးနွေးပွဲ ပြုလုပ်
May 29,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ မိုးညိုမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ အခွန်ဆိုင်ရာ ပညာပေး ဆွေးနွေးပွဲကို မေ ၂၈ ရက် နံနက် ၁၀ နာရီခွဲက ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ အခြေခံတိုင်းရင်းဆေးပညာပေး သင်တန်းဆင်းပွဲ ကျင်းပ
May 29,2026
ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (လယ်ဝေးမြို့နယ်)တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံတိုင်းရင်းဆေး ပညာပေးသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
May 29,2026
ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ (၁/၂၀၂၆) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ ရွေးချယ်ပွဲ ကျင်းပ
May 29,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် အုပ်ချုပ်ရေးလုပ်ငန်းများ ပိုမိုချောမွေ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ပွဲကို ယမန်နေ့၊ မွန်းလွဲ ၂ နာရီက အမှတ်(၁)ရပ်ကွက်၊ကညင်ချောင်း၊ ဓမ္မဗိမာန်ကျောင်းတိုက်ရှိ ဓမ္မဝိဇယဓမ္မာရုံ၌ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ရွေးချယ်ပွဲကျင်းပပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၌ အဆင့်မြင့်စက်ချုပ်သင်တန်းနှင့် မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ
May 29,2026
ပြည်သူများ၏ အလုပ်ကိုင်အခွင့်လမ်းများ ပိုမိုများပြားလာစေရန်နှင့် ကိုယ်ပိုင်လုပ်ငန်းဖြင့် မိသားစုအပိုဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို မေလ ၂၈ ရက် မနက်ပိုင်းက အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ်၊ သံလွင်ခန်းမ၌ ကျင်းပရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ဗိုလ်မှူးချူပ်အောင်ကျော်ဆန်းနှင့်ဇနီး၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်စိန်မြင့်နှင့်ဇနီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဆွေ၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူ၊အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးစိုးနိုင်ထူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ကြီးမြို့နယ်၌ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲပြုလုပ်
May 29,2026
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် မအူပင်ဆိပ်ကျေးရွာအုပ်စု ဆိပ်ကြီးကျေးရွာ Good Health ရေသန့်စက်ခန်းမတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ စီမံညွှန်ကြားချက်အရ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်ပြီး စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13
Page
14
Page
15
Page
16
Current page
17
Page
18
Page
19
Page
20
Page
21
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department