အမြို့မြို့အနယ်နယ်သတင်းများ

Mar 16,2023
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ဆောင်းသီးနှံနေကြာ (ဆင်းရွှေကြာ-၂) စံကွက် ရိတ်သိမ်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဆပ်သေကျေးရွာအုပ်စု ကျောင်းဆိပ်ကျေးရွာရှိ တောင်သူ ဒေါ်ခင်ပန်ပန်သော်၏ ကွင်းအမှတ် (၅၁၉)၊ ဦးပိုင်အမှတ် (၁/ ၁၇) လယ်ယာမြေ (၂.၅၀) ဧကတွင် ပြုလုပ်ခဲ့သည်။
Mar 16,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် သက်ကြီးဘိုးဘွားများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးခြင်းလုပ်ငန်းများကို မတ် ၁၅ ရက်နံနက် ၉ နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Mar 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ရပ်ကွက်နေပြည်သူများ၏ မီးသုံးစွဲမှုအခြေအနေနှင့် မီးဘေးလုံခြုံမှုရှိစေရေးအတွက် ငွေဆောင်မြို့ မီးသတ်ဦးစီးဌာနနှင့် မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မတ်လ ၁၄ နေ့ နံနက်ပိုင်းမှစတင်၍ တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
Mar 16,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ကျေးရွာများသို့ မြို့နယ်အဆင့်ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီဥက္က ဦးဇင်မောင်မောင်နှင့် အဖွဲ့ဝင်များသည် မတ်လ ၁၅ ရက် နံနက်(၁၁)နာရီမှ ညနေ(၃)နာရီအထိ မြေပြင်ကွင်းဆင်းကြီးကြပ်ခဲ့ကြောင်း သိရသည်။
Mar 16,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲအား  မတ်လ(၈) ရက်နေ့မှစတင်၍ ဖြေဆိုလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 16,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား အခြေခံပညာအထက်တန်းကျောင်း(ကံမ) စာစစ်ဌာန၌ ယနေ့နံနက် ၉ နာရီက  ပထဝီဝင် ဘာသာရပ်အား ဆက်လက်ဖြေဆိုရာ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော် ဆောင်များ၊  မိဘဆရာ အသင်းဝင်များ၊ လုံခြုံရေးတပ်ဖွဲ့များနှင့် တာဝန်ရှိသူများက ကြီးကြပ်စောင့်ရှောက်ပေးလျက်ရှိသည်။
Mar 16,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံတိုင်းရင်းသားများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုသာ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအဖြစ် အားထားလုပ်ကိုင်လျက်ရှိရာ ယခုအခါ လယ်မြေအတွင်း မိုးစပါးရိတ်သိမ်းပြီးချိန်၌ စိုက်ပျိုးသော ကြက်သွန်ဖြူများ စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။
Mar 16,2023
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။