အမြို့မြို့အနယ်နယ်သတင်းများ

Mar 16,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက မိုင်းစိတ်ကျေးရွာအုပ်စု၊ မိုင်းစိတ်ကျေးရွာရှိ အမှတ်(၃၅၉)အမြှောက် တပ်ရင်းအတွင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် မြို့နယ်အတွင်းရှိ မျက်စိရောဂါဝေဒနာရှင်ပြည်သူများအား ရန်ကုန်မျက်စိရောဂါ အထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် မျက်စိအထူးကုဆရာဝန်ကြီးများ၊ မျက်စိကျွမ်းကျင်ပညာရှင်များအဖွဲ့တို့က မတ်လ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့နံနက် ၉ နာရီမှစ၍ အခမဲ့ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
Mar 16,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ခရိုင်၊ ကျောက်တော်မြို့၌ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံလူငယ်များအား နွေရာသီ ကျောင်းပိတ်ရက် ကာလများတွင် အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်နှင့် ထူးချွန်ထက်မြက်ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ နွေရာသီ ကရာတေးဒို အားကစားသင်တန်းကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ စတင်ကာ မြို့နယ်အားကစားကွင်း မိုးလုံလေလုံအားကစားခန်းမအတွင်း၌ ဖွင့်လှစ်ပြသရှိကြောင်း သိရသည်။
Mar 16,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club တို့ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ အသိနှင့်ပညာစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀)နာရီခန့်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 16,2023
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ဆိုင်ရာအသိပညာပေး ဟောပြောပွဲကို မတ်လ(၁၆)ရက်၊ နံနက်(၉)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Mar 16,2023
ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်ကွန်ပျူတာသိပ္ပံ နှင့်နည်းပညာဘာသာရပ်များအတွက် ပထမနှစ်ဝက်နှင့် ဒုတိယနှစ်ဝက် စာမေးပွဲဖြေဆိုလျက်ရှိရာ  စာမေးပွဲဖြေဆိုနေမှုများအား မတ် ၁၅ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေး ရာဝန်ကြီး ဦးတိန့်ဆောင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော် နိုင်ဦးတို့က သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
Mar 16,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ အ.ထ.က ဘုတ်ပြင်းစာစစ်ဌာနတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြသည့် ကျောင်းသား/ကျောင်းသူများအား အားဖြည့်အချိုရေနှင့် အာဟာရပြည့်မုန့်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်က ဖြန့်ဝေခဲ့ကြောင်း သိရသည်။