ကွန်ဟိန်းမြို့ ၊ စာစစ်ဌာန၌ ပထဝီဝင် ဘာသာရပ် ဖြေဆိုသူ  (၁၂)ဦးရှိ

ကွန်ဟိန်း   မတ် ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲအား  မတ်လ(၈) ရက်နေ့မှစတင်၍ ဖြေဆိုလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မြို့နယ်အတွင်း စာစစ်ဌာန(၁)ခုရှိပြီး   ဖြေဆိုရန်စာရင်း ပေးသွင်းထားသူ (၁၃) ဦး အနက်မှ  ပထဝီဝင်ဘာသာရပ်အား ကျောင်းတွင်းဖြေဆိုသူ (-)ဦးနှင့် ပြင်ပဖြေ ဆိုသူ(၁၂)ဦး စုစုပေါင်း (၁၂) ဦး ရှိကြောင်း၊ ရာခိုင်နှုန်းအနေဖြင့် ( ၉၂.၃၀)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)