အမြို့မြို့အနယ်နယ်သတင်းများ

Mar 16,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့က အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Mar 16,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ၂၄ နာရီ HelpLine ဝန်ဆောင်မှု ဆိုင်းဘုတ်စိုက်ထူ ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က လားရှိုး−မူဆယ်အဝေးပြေးလမ်းမကြီးဘေး ကျောင်းဆိုင်ဘုန်းတော် ကြီး ကျောင်းရှေ့၌ ဆောင်ရွက်ခဲ့သည်။
Mar 16,2023
စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မြင့်ဟန် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့၊ မွန်းလွဲပိုင်းက စစ်ကိုင်းမြို့အမှတ်(၃၃) ခြေမြန်တပ်မဌာနချုပ်သို့ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲနှင့် မီးငြိမ်းသတ်နည်း လက်တွေ့သရုပ်ပြသပေးခဲ့ကြောင်း သိရသည်။
Mar 16,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် သထုံခရိုင်   ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်ပူးပေါင်းကာ   အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။
Mar 16,2023
စစ်ကိုင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီ လူငယ်/လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန် ရည်ရွယ်၍ အားကစားမျိုးစုံသင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းကို စစ်ကိုင်းမြို့ရှိ သက်ဆိုင်ရာနေရာအသီးသီးတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Mar 16,2023
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Centre ၌ မတ်လ ၁၅ ရက်နေ့ နံနက် (၁၀) နာရီက စာပေချစ်မြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 16,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီအခြေခံ PHYSICAL FITNESS DANCE သင်တန်းကို Community Centre ခန်းမ၌ ယမန်နေ့ နေ့လယ်အချိန်က ဖွင့်ပွဲ ကျင်းပခဲ့သည်။
Mar 16,2023
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၂၀၂၃ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ် မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အကြို သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့မွန်းတည့်(၁၂)နာရီအချိန်က အ.ထ.က(၂၇) စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုပြီး စာဖြေခန်းမှ ထွက်လာသည့် ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။