ကံမမြို့နယ်၌ ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထဝီဝင်ဘာသာရပ် ဆက်လက်ဖြေဆို

ကံမ မတ် ၁၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား အခြေခံပညာအထက်တန်းကျောင်း(ကံမ) စာစစ်ဌာန၌ ယနေ့နံနက် ၉ နာရီက  ပထဝီဝင် ဘာသာရပ်အား ဆက်လက်ဖြေဆိုရာ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော် ဆောင်များ၊  မိဘဆရာ အသင်းဝင်များ၊ လုံခြုံရေးတပ်ဖွဲ့များနှင့် တာဝန်ရှိသူများက ကြီးကြပ်စောင့်ရှောက်ပေးလျက်ရှိသည်။

အဆိုပါ ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုကျင်းပရာတွင် ကံမမြို့နယ်၌ စာစစ်ဌာန(၁)ခုသာရှိပြီး ပထဝီဝင်ဘာသာရပ်တွင် ဖြေဆိုရန်စာရင်းရှိ ကျောင်းသား ကျောင်းသူ (၁၄၀)ဦးရှိပြီး ဖြေဆိုသူ (၁၂၃)ဦး ဖြေဆိုခဲ့ရာ ဖြေဆိုမှု (၈၇.၈၆)ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)