ကန့်ဘလူမြို့၌ သက်ကြီးဘိုးဘွားများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်ခြင်းများ ဆောင်ရွက်ပေး

ကန့်ဘလူ မတ် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် သက်ကြီးဘိုးဘွားများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးခြင်းလုပ်ငန်းများကို မတ် ၁၅ ရက်နံနက် ၉ နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သူနာပြုများ၊ ဘက်စုံသားဖွားဆရာမများက လာရောက်ပြသသူဘိုးဘွားများအား သွေးပေါင်ချိန်တိုင်းပေးခြင်း၊ သွေးစစ်ဆေးပေးခြင်း၊ သွေးတိုး၊ ဆီးချို၊ အကိုက်အခဲပျောက်ဆေးစသည့် ရောဂါဝေဒနာရှင်များအလိုက် တစ်လစာဆေးပေးအပ်ခဲ့ကြောင်းနှင့် ယင်းသို့ဘိုးဘွားများအား အခမဲ့ကျန်းမာရေးစောင်ရှောက်ပေးခြင်းတို့ကို လစဥ်ဆောင်ရွက် ပေးလျက်ရှိကြောင်း ကျန်းမာရေးဝန်ထမ်းများထံမှ သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)