မိုးမောက် မတ် ၁၆
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ကျေးရွာများသို့ မြို့နယ်အဆင့်ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီဥက္က ဦးဇင်မောင်မောင်နှင့် အဖွဲ့ဝင်များသည် မတ်လ ၁၅ ရက် နံနက်(၁၁)နာရီမှ ညနေ(၃)နာရီအထိ မြေပြင်ကွင်းဆင်းကြီးကြပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိုးမောက်မြို့နယ်၊ မိုင်းခတ်ကျေးရွာအုပ်စု၊ စီဟက်ကျေးရွာမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သောကျေးရွာစီမံကိန်းအဖွဲ့ဝင်များ
သည် မြစိမ်းရောင်စီမံကိန်းချေးငွေ ကျပ်သိန်း(၆၀၀)ရယူ၍ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်သော ရွာမကွင်း၊ ကွင်းအမှတ်(၁၃၈)ရှိ တောင်သူဦးဆန်အောင်၏ မြေပဲစိုက်ခင်း(၂)ဧက၊ ပဲပုတ်စိုက်ခင်း(၂)ဧက၊ မြေထောင့်ပဲစိုက်ခင်း(၁)ဧကအား လည်းကောင်း၊ ရွာမကွင်း၊ ကွင်းအမှတ် (၁၃၈)ရှိ ဒေါ်စုစုဝေ၏ မြေပဲစိုက်ခင်း(၂)ဧက၊ ပဲပုတ်စိုက်ခင်း(၂)ဧက၊ မြေထောင့်ပဲစိုက်ခင်း (၁)ဧက အားလည်းကောင်း၊ ခုံဆင့်ကျေးရွာအုပ်စု၊ ခုံဆင့်ကျေးရွာမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မြစိမ်းရောင် စီမံကိန်းချေးငွေကျပ်သိန်း (၄၀၀) ရယူ၍ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သော ရွာမကွင်း၊ ကွင်းအမှတ်(၁၄၅)ရှိ တောင်သူ ဒေါ်ရွှေရည်ဝင်း၏ မြေပဲစိုက်ခင်း(၄)ဧကအား လည်းကောင်း၊ ရွာမကွင်း၊ ကွင်းအမှတ် (၁၄၅)ရှိ ဒေါ်သန်းငွေ၏ ပဲပုတ်စိုက်ခင်း(၄)ဧက တို့အားမြေပြင်စိုက်ပျိုးထားရှိမှု အခြေအနေများ ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ကြောင်းသိရှိရသည်။
မြို့နယ် (ပြန်/ဆက်)