ငွေဆောင်မြို့တွင် ရပ်ကွက်နေပြည်သူများ မီးဘေးလုံခြုံစေရေး တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး

ငွေဆောင် မတ် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ရပ်ကွက်နေပြည်သူများ၏ မီးသုံးစွဲမှုအခြေအနေနှင့် မီးဘေးလုံခြုံမှုရှိစေရေးအတွက် ငွေဆောင်မြို့ မီးသတ်ဦးစီးဌာနနှင့် မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မတ်လ ၁၄ နေ့ နံနက်ပိုင်းမှစတင်၍ တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

 ငွေဆောင်မြို့၊ မီးသတ်ဦးစီးဌာန၊ လက်ထောက်ဦးစီး ဦးကောင်းပြည့်စုံနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ရှေးဦးစွာ ငွေဆောင်မြို့၊ အမှတ်( ) ရပ်ကွက်၊ အဏ္ဏဝါရပ်တွင် နေထိုင်သော ဒေသခံပြည်သူများ၏ မီးဘေးလုံခြုံစေရေးအတွက် လိုက်လံစစ်ဆေးခြင်း ဖြစ်ကြောင်းသိရသည်။ ထိုသို့စစ်ဆေးရာတွင်ရပ်ကွက်နေပြည်သူများ၏ မီးသုံးစွဲမှုအခြေအနေ၊ မီးချိတ်မီးကပ်များ ချိတ်ဆွဲထားမှုရှိ၊ မရှိနှင့်ရုံးများ၊ ဧည့်သည်သာများတွင် မီးသတ်ဆေးဘူးဆောင်ထားမှုရှိ၊ မရှိ တို့အားတစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးကာ မီးဘေးအန္တရယ်လုံခြုံစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ကာကွယ်ရမည့်နည်းလမ်းများနှင့် မီးဘေးနှင့်ပက်သက်၍ မီးသတ်ဌာနသို့ အချိန်မရွေးဆက်သွယ်နိုင်ကြောင်းနှင့် မီးဘေးအန္တရယ်နှင့်ပက်သက်၍ စိုးရိမ်ဖွယ်တစ်စုံတစ်ရာတွေ့ရှိပါက မီးသတ်ဌာနသို့ အမြန်ဆုံးသတင်း ပေးပို့ရန်စသည်တို့ကို ပြောကြားခဲ့ကြောင်းသိရသည်။ ငွေဆောင်မြို့မီးသတ်ဦးစီးဌာနသည် မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးများ၊ ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများပါမကျန် မီးလေးအန္တရယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ တစ်အိမ်တက်ဆင်းလိုက်လံစစ်ဆေးခြင်းနှင့် မီးဘေးအန္တရယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် မီးသတ်ဆေးဘူးအသုံးပြုပုံအား လက်တွေ့ပြသခြင်းတို့အား ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

(ငွေဆောင်)