ကျောက်တလုံးကြီး မတ် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club တို့ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ အသိနှင့်ပညာစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀)နာရီခန့်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တလုံးကြီးမြို့ရုံးမှ မြို့ဦးစီးမှူး ဒေါ်နန်းမျိုးဆောင်းကျော်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အသိနှင့်ပညာအကြောင်းကိုလည်းကောင်း၊ (Book Club) အဖွဲ့ဝင် မောင်ခွန်အောင်ဖေက သုတနှင့်မုတ အတွေ့အကြုံ၊ စလုပ်ဖို့က အရေးကြီးအကြောင်းကိုလည်းကောင်း၊ ဒေါ်ကြည်ဌေးက ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဘာလို့ မဖြစ်နိုင်ရမှာလဲ အကြောင်းကိုလည်းကောင်း၊ ဒေါ်ကေသီအောင်က လူမှုဆက်ဆံရေး၏ အရည်အသွေးနှင့်ဖြူစင်သော မေတ္တာအကြောင်းကို လည်းကောင်း ဖတ်ကြားဆွေးနွေးပြီး တက်ရောက်လာသည့် စာပေချစ်မြတ်နိးသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးမှုအပေါ် ဖတ်ကြားသူများက ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။
ကျောက်တလုံးကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးက မိမိတို့ဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)၊ လူငယ်အသင်း (Youth Club) တို့ပူးပေါင်း၍ စာဖတ်သည့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ၊ အသိပညာဗဟုသုတရရှိစေရန် စာဖတ်သူအချင်း အချင်းချင်း အပြန်အလှန်ဆွေးနွေးတတ်စေရန်ရည်ရွယ်၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ အသိနှင့်ပညာ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
စည်သူ(ပြန်/ဆက်)