အမြို့မြို့အနယ်နယ်သတင်းများ

Mar 14,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ (ရူပဗေဒဘာသာရပ်)ကို ယနေ့နံနက်ပိုင်းအချိန်က အ.ထ.က(ခိုလမ်)စာစစ်ဌာနတွင် အေးချမ်းစွာ စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။
Mar 14,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ သတိပြုဆင်ခြင်ဖွယ် အီးစီးကရက်အန္တရာယ်အကြောင်း အသိပညာပေး Talk Show ကို ယနေ့မွှန်းလွဲ ၁ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Mar 14,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် ၂၀၂၂_၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်ကို ယနေ့ နံနက်ပိုင်းက ကျေးသီးစာစစ်ဌာနတွင် ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။
Mar 14,2023
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်အား ​မတ်လ ၁၃ရက်နေ့တွင် ဖြေဆိုနေစဥ် မန္တလေး၊ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ စာစစ်ဌာနများ ဖြစ်သော အ.ထ.က - ၁၄ နှင့် အ.ထ.က - ၁၆ စာစစ်ဌာနများသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မိုးထွန်း၊ မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစန်းအောင်နှင့် တာဝန်ရှိသူများ ရောက်ရှိစစ်ဆေးခဲ့ကြောင်း သိရသည်။
Mar 14,2023
စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူ အချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာအောင်သင်း ရေးသားသည့် “ပညာသာလျှင်နှင့် သစ်လွင်အတွေး ဆောင်းပါးများ” စာအုပ်ဖြင့် ယနေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌   စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပသည်။
Mar 14,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းနောင်မြို့ရှိ ဒေသထွက်ဝါးနှီးဖြင့် ရက်လုပ်သော ဝါးခမောက်နှင့် ရှမ်းရိုးရာအသုံးအဆောင်များ၊ အိမ်တွင်းလက်မှုပစ္စည်းများ၊ အမှတ်တရပစ္စည်းဆိုင်များသည် နွေရာသီ ခရီးသွားကာလ၊ မတ်လဆန်းပိုင်းမှစ၍ အရောင်းသွက်လျက်ရှိကြောင်း သိရှိရသည်။
Mar 14,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း သန့်ရှင်း၊ သပ်ရပ်၊ သာယာလှပစေရေးအတွက် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးအနေဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။