ကျေးသီးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်ဖြေဆိုပြီးစီး

ကျေးသီး မတ် ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် ၂၀၂၂_၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်ကို ယနေ့ နံနက်ပိုင်းက ကျေးသီးစာစစ်ဌာနတွင် ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။

စာမေးပွဲဖြေဆိုနေကြသော ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လုံခြုံရေးဆိုင်ရာဆိုင်ရာကိစ္စရပ်များကို ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သဲစုပိုင်(ပြန်/ဆက်)