ချမ်းအေးသာစံ မတ် ၁၃
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်အား မတ်လ ၁၃ရက်နေ့တွင် ဖြေဆိုနေစဥ် မန္တလေး၊ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ စာစစ်ဌာနများ ဖြစ်သော အ.ထ.က - ၁၄ နှင့် အ.ထ.က - ၁၆ စာစစ်ဌာနများသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မိုးထွန်း၊ မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစန်းအောင်နှင့် တာဝန်ရှိသူများ ရောက်ရှိစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးနေစဥ် မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဦး၊ အ.ထ.က(၁၆) စာစစ်ဌာန ကြီးကြပ်ရေးမှူး ဒေါ်ချောစုလွင် (အ.ထ.က (၁၄) ကျောင်းအုပ်ဆရာမကြီး)၊ အ.ထ.က (၁၆) စာစစ်ဌာနမှူး ဒေါ်နီနီ(အ.ထ.က (၁၅) ကျောင်းအုပ် ဆရာမကြီး)နှင့် တာဝန်ရှိသူများမှ လိုက်လံရှင်းလင်းပြသခဲ့ပြီး ဒုတိယဝန်ကြီးမှ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရေး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ စာစစ်ဌာနများဖြစ်သော အ.ထ.က (၁၄) စာစစ်ဌာနတွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၄၅၀ ဦး၊ ဖြေဆိုသူ ၄၂၄ ဦး၊ ပျက် ကွက်သူ ၂၆ ဦး၊ ဖြေဆိုရာခိုင်နှုန်း ၉၄. ၂၂ ဖြစ်ကြောင်း၊ အလားတူ အ.ထ.က - ၁၆ စာစစ် ဌာနတွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၃၀၉ ဦး၊ ဖြေဆိုသူ ၂၈၁ ဦး၊ ပျက်ကွက်သူ ၂၈ ဦး၊ ဖြေဆိုရာခိုင်နှုန်း ၉၀.၉၄ ဖြစ်ကြောင်း သိရသည်။
ထိပ်ထားနိုင်