နမ့်စန်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ် ဖြေဆိုပြီးစီး

နမ့်စန်() မတ် ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ (ရူပဗေဒဘာသာရပ်)ကို ယနေ့ နံနက် နာရီက အထက(နမ့်စန်) စာစစ်ဌာနနှင့် အထက(ခိုလမ်)စာစာဌာန ၂ ခုတို့တွင် စတင်ဖြေဆိုခဲ့ရာ ဖြေဆိုမည့်စာရင်းရှိ ၃၁၁ ဦးတွင် လာရောက်ဖြေဆိုသူ ၂၈၂ ဦးရှိပြီး   ဖြေဆိုရန်ပျက်ကွက်သူ  ၂၉ ဦးရှိကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲကို အေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် မြို့နယ်မှ တာဝန်ရှိသူများက ယာဉ်များနှင့် စက်သံများ ဆူညံမှုမရှိစေရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များ မဖြစ်ပွားစေရေးနှင့် အခြားလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အနီးကပ်ကြီးကြပ်၍ ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများကို သောက်ရေသန့်နှင့် အဟာရမုန့်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)