အမြို့မြို့အနယ်နယ်သတင်းများ

Mar 14,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ယနေ့ နံနက် ၉ နာရီက ဖွင့်လှစ်ထားရှိသည့် စာစစ်ဌာန(၃)ခု၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 14,2023
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF) လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့က အဆိုပါဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Mar 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ယနေ့ ည ၉ နာရီခွဲအချိန်ခန့် လေပြင်း တိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း ဆွမ်းစားဆောင် တစ်ဆောင်နှင့် လူနေအိမ်တချို့ ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
Mar 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အားကစားခန်းမတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအားကစားအခြေခံ သင်တန်းများကို မတ်လ ၆ ရက်နေ့မှ စတင်သင်ကြားပေးခဲ့ရာ ယနေ့နံနက်ပိုင်းတွင်ဆက်လက်သင်ကြားပေးလျက် ရှိသည်။
Mar 14,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မြို့နယ်စာပေချစ်သူများ အသင်းနှင့်ပူးပေါင်း၍ ရေးသူဖတ်သူဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
Mar 14,2023
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်အတွင်းရှိ ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနနှင့် ဂျိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုလျက်ရှိသော ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး ယနေ့နံနက် ၉နာရီ မိနစ်၃၀က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
Mar 14,2023
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်စာစစ်ဌာနတွင် ယနေ့ နံနက် ၉ နာရီအချိန်မှစ၍ ရူပဗေဒဘာသာရပ်ကို  ဆက်လက်ဖြေဆိုလျက်ရှိပါသည်။
Mar 14,2023
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။