ဇမ္ဗူသီရိမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်းကျင်းပ

ဇမ္ဗူသီရိ မတ် ၁၄

စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူ အချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာအောင်သင်း ရေးသားသည့် “ပညာသာလျှင်နှင့် သစ်လွင်အတွေး ဆောင်းပါးများ” စာအုပ်ဖြင့် ယနေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌   စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ဇမ္ဗူသီရိမြို့နယ် ပြန်/ဆက်ဦးစီးမှူး ဒေါ်နီလာစိုးက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဦးစောမျိုးအောင် (အိုင်ပီမျိုးအောင်)၊ ဦးအောင်ဝေ (အောင်ဝေ-ညောင်ခြေထောက်)၊ ဦးမောင်မောင်တာ(သဘာဝ)၊ ဒေါ်ခင်ငြိမ်းအေး(မေချို-ပျဉ်းမနား)၊ ဦးရန်နိုင်ကျော် (ခိုင်မင်း-နေပြည်တော်)၊ ဦးဟန်ညွန့်(ဟန်ညွန့်-ယဉ်ကျေးမှု)၊ ဦးစောဦး(ဈာန်-စွမ်းအင်)၊ ဒေါ်ကြင်ကြင် (မစံပယ်-တောင်တွင်းကြီး)၊ ဦးဌေးအောင် (အောင်ဆွေထက်-ချွေးမြို့တော်)၊ ဦးရဲလင်းအောင် (မောင်လေပြေ-တောင်တွင်း)၊ ဦးကျော်လွင် (မှော်ဝန်း)၊ ဒေါ်ခင်နန်းဦး(နန်းနန်း-စပါးကျီ)၊ ဦးဌေးဦး (နွေဦးကိုကို)နှင့် စာပေဝါသနာရှင်တို့က “ပညာသာလျှင်နှင့် သစ်လွင်အတွေးဆောင်းပါးများ” စာအုပ်တွင် ပါဝင်သည့် အကြောင်းအရာ အချက်အလက်များကို မိမိတို့၏ ဘဝအတွေ့အကြုံများနှင့် ယှဉ်ကာ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)