ခိုလမ် မတ် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ (ရူပဗေဒဘာသာရပ်)ကို ယနေ့နံနက်ပိုင်းအချိန်က အ.ထ.က(ခိုလမ်)စာစစ်ဌာနတွင် အေးချမ်းစွာ စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။
စာမေးပွဲဖြေဆိုနေသော ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုနိုင်စေရေးအတွက် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆူညံသံများနှင့် အခြားလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အနီးကပ်ကြီးကြပ်၍ ဆောင်ရွက် ပေးလျက်ရှိပြီး အဆိုပါစာမေးပွဲဖြေဆိုပြီးချိန်တွင် ဦးအောင်စိုးနှင့် ဇနီးဒေါ်ညွန့်ညွ့န်ဆွေ အောင်သပြေ မိသားစုမှ ကျောင်းသား/သူများအတွက် အချိုရည်နှင့် မုန့်များ လှူဒါန်းပေးခဲ့ကြောင်း သိရှိရပါသည်။
နေလင်းထွန်း(ပြန်/ဆက်)