လယ်ဝေး မတ် ၁၄
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း သန့်ရှင်း၊ သပ်ရပ်၊ သာယာလှပစေရေးအတွက် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးအနေဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့သန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် သုခုမလမ်းဘေး ဝဲ/ယာရှိ စည်းကမ်းမဲ့အမှိုက်များရှင်းလင်းခြင်း၊ နှစ်ကျိပ်ရှစ်ဆူဘုရားလမ်းနှင့် ဖောင်တော်ချက်မဘုရားလမ်းဘေးဝဲ/ယာတို့တွင် ပေါင်းမြက်များရှင်းလင်းခြင်းနှင့် ရန်ကုန်-မန္တလေးလမ်းဘေးဝဲ/ယာရှိ သစ်ရွက်ခြောက်များ ရှင်းလင်းခြင်းလုပ်ငန်းများကို နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ လယ်ဝေးမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ သန့်ရှင်းရေးနှင့် စိမ်းလန်းစိုပြည်ရေးဝန်ထမ်းများဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဝေကြည်(ပြန်/ဆက်)