မိုင်းပျဉ်းမြို့၌ သတိပြုဆင်ခြင်ဖွယ် အီးစီးကရက် အန္တရာယ်အကြောင်း အသိပညာပေး Talk Show ကျင်းပ

မိုင်းပျဉ်း မတ် ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ သတိပြုဆင်ခြင်ဖွယ် အီးစီးကရက်အန္တရာယ်အကြောင်း အသိပညာပေး Talk Show ကို ယနေ့မွှန်းလွဲ ၁ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

သတိပြုဆင်ခြင်ဖွယ် အီးစီးကရက်အန္တရာယ်အကြောင်း အသိပညာပေး Talk Show ဆောင်ရွက်ရာတွင် မိုင်းပျဉ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်−(၃) ဒေါ်ခင်သန္တာအောင်နှင့် ရုံးအကူ ဒေါ်နန်းဆိုင်လားတို့က ဒို့ကျေးရွာဂျာနယ် အတွဲ(၁၉)အမှတ်(၁၃)တွင် ဖော်ပြပါရှိသော စာရေးဆရာ ကိုကျော်စွာ(ကျိုက်ပိ)ရေးသားထားသည့် “သတိပြုဆင်ခြင်ဖွယ် အီးစီးကရက်အန္တရာယ်အကြောင်း”မှ အီးစီးကရက်သည် လျှပ်စစ်ပစ္စည်းကိရိယာ တစ်မျိုးဖြစ်ကြောင်းနှင့် အသုံးပြုပုံ၊ အီးစီးကရက်နှင့် နာတာရှည်အဆုတ်ရောဂါအကြောင်း၊ အီးစီးကရက်တွင်ပါရှိသည့် အန္တရာယ်ရှိပစ္စည်းများနှင့် သတိပြုဆင်ခြင်ဖွယ်အကြောင်း၊ အီးစီးကရက်နှင့် ဉပဒေပြဋ္ဌာန်းချက်များအကြောင်းတို့ကို အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သတိပြုဆင်ခြင်ဖွယ် အီးစီးကရက်အန္တရာယ်အကြောင်း အသိပညာပေး Talk Show အစီအစဉ်ကို မိုင်းပျဉ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရိုက်ကူးဆောင်ရွက်ခြင်းဖြစ်ပြီး We Love Minepyin Page တွင် လွှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နန်းသန္တာဦး(ပြန်/ဆက်)