ညောင်လေးပင် မေ ၂၀
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် မြို့မ(၂)ရပ်ကွက်၊တိုးချဲ့(၆)လမ်းတွင် လေပြင်းဘေးကြောင့် အမိုးလန်ပျက်စီးဆုံးရှုံးသွားခဲ့သော လေဘေးသင့်ပြည်သူများ၏ နေအိမ်(၂)လုံးအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ အခမ်းအနားတွင် ညောင်လေးပင်မြို့နယ် မြို့မ(၂)ရပ်ကွက်၊ တိုးချဲ(၆)လမ်းတွင် လေးပြင်းဘေးကြောင့် အမိုးလန်ပျက်စီးဆုံးရှုံးသွားခဲ့သော လေဘေးသင့် ပြည်သူများ၏ နေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀)ကျပ်နှင့် လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၅၀၀၀)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၃၅၀၀၀)ကျပ်တို့ကို ညောင်လေးပင်မြို့နယ် ဦးစီးမှူးရုံးရှိဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ လေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)