ကော့ကရိတ်မြို့၌ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေး

ကော့ကရိတ် မေ ၂၁

ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်နိုင်ရန် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်‌နေ့ နံနက်ပိုင်းက ကော့ကရိတ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ နာရီစင်ရှေ့တွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

လက်ကမ်းစာစောင်များ ဖြန့်ဝေရာ၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ခေတ္တခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ယာဉ်ထိန်ရဲတပ်ဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများ ပူပေါင်းပါဝင်ဖြန့်ဝေခဲ့ကြပြီး အဆိုပါ လက်ကမ်းစာစောင်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံ ကြပါစို့၊ အသိပေးကြေညာချက်များ၊ အခြေခံကျောင်းများတွင် ကျောင်းအပ်နှံရေး သိရှိရန်အချက်များ၊ အမျိုးသားပညာရေး၏ အဓိကရည်မှန်းချက်များ၊ မြန်မာ့ပညာရေးမျှော်မှန်းချက်၊ ပညာရေးဝန်ထမ်းများ အားလုံး သိရှိလိုက်နာရမည့် အချက်များ၊ မိဘအုပ်ထိန်းသူပြည်သူများသို့ မေတ္တာရပ်ခံချက် စသည့် အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)