မိုင်းဆတ်မြို့၌ ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား ခရိုင်အမျိုးသမီးကော်မတီဝင်များသို့ အသိပညာပေးခြင်း အခမ်းအနားကျင်းပ

မိုင်းဆတ် ဇူလိုင် ၇

ရှမ်းပြည်နယ်အရှေ့ပိုင်း၊  မိုင်းဆတ်မြို့၌ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှုယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား ခရိုင်အမျိုးသမီးကော်မတီဝင်များသို့ အသိပညာပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မိုင်းဆတ်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုင်းဆတ်ခရိုင်၊ ခရိုင်အဆင့်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ဦးညီညီထွေးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ဥပဒေအရာရှိ ဦးနိုင်လင်းက ဥပဒေနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျိုင်းတုံခရိုင်၊ လူမှုဝန်ထမ်းရုံး၊ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ခင်ခင်မြင့်က ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား ဆွေးနွေးပြီး ကျား/မအခြေပြု အကြမ်းဖက်မှုအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့သည်။

ထို့နောက် မိုင်းဆတ်ခရိုင်၊ ခရိုင်အဆင့်အမျိုးသမီးကော်မတီအဖွဲ့ဝင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ ခရိုင်ဦးစီးမှူး၊ ဒေါ်မျိုးမျိုးသွယ်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးပြီးနောက် တက်ရောက်လာကြသူများက ပြန်လည်ဆွေးနွေးဟောပြောကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်အဆင့်အမျိုးသမီးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျိုင်းတုံခရိုင်၊ လူမှုဝန်ထမ်းရုံး၊ ဒုတိညွှန်​​ကြားရေးမှူးနှင့် မိုင်းဆတ်ခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထက်ထက်(မိုင်းဆတ်)