ကလော ဇူလိုင် ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုခဲ့ရာ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်က ဝါဆိုသင်္ကန်းကပ်လှူပွဲ ကျင်းပနိုင်ရေးနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားကြားခဲ့ပြီး အစည်းအဝေး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများက ဝါဆိုသင်္ကန်းကပ်လှူ နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများ၊ ကလောမြို့တွင်း ပင့်ဖိတ်ကြားရမည့် သံဃာတော်များစာရင်းနှင့် အလှူရှင်များ ပါဝင်လှူဒါန်းနိုင်ရေးအတွက် ဆွေးနွေးတင်ပြခဲ့ကြသည်။
ထို့နောက် ကလောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်က ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကို ကလောမြို့ မြို့မပရိယတ္တိစာသင်တိုက်တွင် ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ရပ်နီး၊ ရပ်ဝေးမှ စေတနာအလှူရှင်များ ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)