ကျောင်းကုန်း ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ဝင်းက သဘာဝဘေးအန္တရာယ်ဆိုတာ လူတို့၏ကြိုးစားအားထုတ်မှုကြောင့်မဟုတ်ပဲ သဘာဝတရားကြောင့်ဖြစ်ပွားသော အန္တရာယ်ကိုဆိုလိုကြောင်း၊ သဘာဝဘေးအန္တရာယ်များမှာ မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ မြေပြိုဘေးစသည့် အန္တရာယ်များဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပြီး၊ မီးသတ်ဦးစီးဌာနမှ “သဘာဝဘေးများညီညွတ်မှုဖြင့် ကျော်သွား”၊ “သတိပြု၍ပြင်ဆင်ကာကွယ်ရေကြီးရေလျှံသဘာဝဘေးအန္တရာယ်”စသဖြင့် အသိပညာပေး တိုက်တွန်းနှိုးဆော်ထားသည်။
ထို့နောက် ရေဘေးအန္တရာယ်အတွက် အသက်ကယ်အင်္ကျီဝတ်ဆင်ပုံကို လက်တွေ့သရုပ်ပြ ဝတ်ဆင်ပြသခဲ့ကြပြီး၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်