အမြို့မြို့အနယ်နယ်သတင်းများ

Jul 08,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ နာဂဒေသဖွံ့ဖြိုး တိုးတက်စေရန် မျိုးစေ့ပျိုးပင်များ၊ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 08,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၇၃)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အ.လက(၃)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပြပွဲများကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 08,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ (၂၀၂၅-၂၀၂၆) ခု ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Jul 08,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ရေသိုးညောင်ဝိုင်းကျေးရွာတွင်မိုးစပါး (RS,CS) ဆင်းသုခစပါးမျိုးစေ့ထုတ်စံပြစိုက်ခင်းအား ယမန်နေ့နံနက် (၈)နာရီက စိုက်ပျိုးခဲ့ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
Jul 08,2025
MSME ပြည်တွင်းထုတ်ကုန်များကို အလွယ်တကူဝယ်ယူရောင်းချနိုင်သည့် G3G Application မိတ်ဆက်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗီးရှင်းစင်တာ (MCC) ခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိူးရအဖွဲ့ဝင်ဝန်ကြီးများ၊ Golden Gate Global Myanmar Pte.,Ltd.မှ တာဝန်ရှိသူများ၊ ထုတ်လုပ်သူလုပ်ငန်းရှင်များ၊ စားသုံးသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Jul 08,2025
တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် တိုင်းဒေသကြီးတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်သည့် တိုင်းရင်းသား လူငယ်များအတွက် အခြေခံစက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီ က ထားဝယ်မြို့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ ကျင်းပသည်။
Jul 08,2025
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူ လူငယ်များနှင့်ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်​ရေးရာအသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
Jul 08,2025
ကျောင်းသား၊‌ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းဝေးစေရန်နှင့် ယာဉ်ကြောပိတ်ဆို့မှုများ မရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊‌ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့စု(၃၆)မှ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်လမ်းရှင်းလင်းခြင်း လုပ်ငန်းများကို ယမန်နေ့ နေ့လယ် ၂ နာရီ၌ ရန်ကင်းမြို့နယ် ကံဘဲ့လမ်းရှိ TTC လေ့ကျင့်ရေး အလယ်တန်းကျောင်းရှေ့ သစ္စာလမ်းမကြီးပေါ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။