Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကချင်ပြည်နယ်ဝန်ကြီးချုပ် စပါးကြဲခင်းများ လျော့နည်းပပျောက်လာစေပြီး ပန်းတိုင်အထွက်နှုန်း ပြည့်မီစွာရရှိရေးအတွက် စပါးမျိုးစေ့ချကိရိယာ (Seeder) များ၊ စပါးမျိုးသန့…
Jul 08,2025
ကချင်ပြည်နယ်အတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး၊ တောင်သူဝင်ငွေတိုးပွားရေးအတွက် စပါးစိုက်ပျိုးနည်းစနစ် မှန်ကန်စေရေးအတွက် စပါးကြဲခင်းများ လျော့နည်းပပျောက်လာစေရေး နည်းစနစ်ပြည့်ဝမှန်ကန်သည့် စပါးမျိုးစေ့ချကိရိယာ (Seeder) များ အသုံးပြု၍ စိုက်ပျိုးနိုင်ရေး မြို့နယ်များအလိုက် တောင်သူများထံ ဖြန့်ဝေပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ကျောင်းအခြေပြု ငလျင်၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်း ဆောင်ရွက်
Jul 08,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းအခြေပြုငလျင်၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ လေ့ကျင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ်၊ တိုးကျေးရွာ၌ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ ပြိုကျပျက်စီးမှုဖြစ်ပွား
Jul 08,2025
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ တိုးကျေးရွာ၌ ဇူလိုင်လ(၇)ရက် ညနေ(၅)နာရီကျော်အချိန်၌ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် ငါးဖမ်းစက်လှေများ ပျက်စီးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့တွင် (VDP) ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်ရန် ကျေးရွာ (၂) ရွာ ရွေးချယ်ခြင်း အခမ်းအနားကျင်းပ
Jul 08,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဒုတိယအကြိမ်ထပ်မံ ခွဲဝေချထားအကောင်အထည်ဖော်ဆောင်ရွက်မည့်ကျေးရွာ (၂)ရွာ ရွေးချယ်ခြင်း အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၁၅) ကြိမ်မြောက် သက်ကြီးဟာသပညာရှင်များအား ကန်တော့ပွဲနှင့် ဟာသပညာထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jul 08,2025
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့ နံနက်ပိုင်းက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၄၈)ရပ်ကွက် မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး(ဗဟို)က ကျင်းပသော (၁၅) ကြိမ်မြောက် ဟာသပညာရှင်ကြီးများအား ကန်တော့ပွဲနှင့် ဟာသပညာထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး မုဒိတာစကားပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့နယ်၌ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် လယ်ယာမြေဧက ၁၀၀ ကို စက်မှုလယ်ယာမြေအဖြစ်ဖော်ထုတ်
Jul 08,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအုပ်စု ညောင်ပင်ကြီး ကျေးရွာ၌ ဒေသခံတောင်သူများ၏ လယ်ယာမြေများကို စက်မှုလယ်ယာမြေအဖြစ် ဧက ၁၀၀ ကို ဖော်ထုတ်မည်ဖြစ်ရာ ဇွန်လကုန်ပိုင်းက မြို့နယ်စက်မှုလယ်ယာဦးစီးဌာန ၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆည်မြောင်းနှင်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများသည် ဒေသခံတောင်သူ လယ်တစ်ကွက်နှင့်တစ်ကွက်ကလည်းဆက်နေပြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူခရိုင်၌ အမှိုက်များစနစ်တကျခွဲခြားစွန့်ပစ်နည်း အသိပညာပေးသရုပ်ပြခြင်းဆောင်ရွက်
Jul 08,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက်၊ ဘေးအန္တရာယ်ရှိအမှိုက်များ စနစ်တကျခွဲခြားစွန့်ပစ်နည်း အသိပညာပေးသရုပ်ပြသခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ (၈၆) ဘီလီယံဖြင့်ဆောင်ရွက်သည့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးစီမံကိန်းအတွက် ဝယ်ယူ၊ ကြိတ်ခွဲ၊ တင်ပိ…
Jul 08,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ မြို့နယ်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် တာဝန်ရှိသူများသည် စပါးမျိုးစေ့ ထုတ်လုပ်နိုင်ရေး၊ စပါး (၁) ဧကလျှင် (၁၀) တင်းနှုန်းပိုမိုထွက်ရှိရေးတို့အတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ (၈၆) ဘီလီယံဖြင့် ဆောင်ရွက်သည့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးစီမံကိန်း အတွက် ဝယ်ယူ၊ ကြိတ်ခွဲ၊ တင်ပို့သူ အစုအဖွဲ့၊ သွင်းအားစု အစုအဖွဲ့၊ တောင်သူအစုအဖွဲ့ သုံးဦးသုံးဖလှယ် စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားကို ယနေ့နံနက် (၁၁) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1134
Page
1135
Page
1136
Page
1137
Current page
1138
Page
1139
Page
1140
Page
1141
Page
1142
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department