အိမ်မဲ ဇူလိုင် ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ရေသိုးညောင်ဝိုင်းကျေးရွာတွင်မိုးစပါး (RS,CS) ဆင်းသုခစပါးမျိုးစေ့ထုတ်စံပြစိုက်ခင်းအား ယမန်နေ့နံနက် (၈)နာရီက စိုက်ပျိုးခဲ့ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမြင့်အောင်နှင့်ဝန်ထမ်းများက ရေသိုးညောင်ဝိုင်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၄၄-ခ)၊ ဦးပိုင်အမှတ်(၁/၁) ရှိ တောင်သူ ဦးလှမြင့်၏ လယ် (၅.၀၀) ဧက၌ ၂၀၂၅ ခုနှစ် မိုးစပါး(RS,CS) ဆင်းသုခစပါးမျိုးစေ့ထုတ် စံပြစိုက်ခင်းအား ဆောင်ရွက်လျက်ရှိရာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှု လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူ များအား မိုးစပါးအထွက်နှုန်းတိုးတက်စေရေးအတွက် ကြဲခင်းစနစ်ပပျောက်ရေး၊ သီးနှံစိုက်စွမ်းအား မြှင့်တင်ရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ တစ်ဧကအထွက်နှုန်းတိုးတက်ရေးတို့ကိုဆွေးနွေး ပြောကြားခဲ့ကြသည်။
ချစ်သက်လယ်