Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ထားဝယ်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) နည်းပြဆရာဖြစ်သင်တန်းဖွင့်လှစ်
Jul 08,2025
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏( ၃/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကျင်းပ
Jul 08,2025
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပ
Jul 08,2025
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျင်းပပြုလုပ်သော စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင်ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ သန်လျင်မြို့နယ်၊ မင်းကျောင်းပထမပြန်စာသင်တိုက်ကြီး၏ ဦးစီးပဓာနနယကဆရာတော် ဒေါက်တာဘဒ္ဒန္တဓန္ဒိမာဘိဝံသအမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ်၊ ဗိုလ်မှူးကြီး သက်ပိုင်ဇော်နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။ ဦးစွာ အခမ်းအနားအား “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ သန်လျင်မြို့နယ်၊ မင်းကျောင်း ပထမပြန်စာသင်တိုက်ကြီး၏ ဦးစီးပဓာနနယကဆရာတော် ဒေါက်တာဘဒ္ဒန္တဓန္ဒိမာဘိဝံသ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ပွားသရဇ္ဇျာယ်တော်မူအပ်သော ပရိတ်တရားတော်များ နာယူကြည်ညိုသည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်တွင် မြို့ကွက်တိုင်းတာခြင်းဆိုင်ရာ (Training Course On Town Land Survey No-16) သင်တန်းဆင်းပွဲကျင်းပ
Jul 08,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနက ပြည်သူများ မြေယာပိုင်ဆိုင်မှု ခိုင်မာစေရေးနှင့် မြေငှားဂရန်ရရှိရေးအတွက် ကျေးရွာ/မြို့မြေများ ပြန်လည်တိုင်းတာပေးနိုင်ရေး ရည်ရွယ်၍ တစ်လကြာဖွင့်လှစ်သင်ကြားခဲ့သော Training Course On Town Land Survey No-16 သင်တန်းဆင်းပွဲကို ဇူလိုင် ၄ ရက် နံနက် ၉ နာရီခွဲက တိုက်ကြီးမြို့၊ ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
အထက(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေး ဆင့်ပွားသင်တန်းအခမ်းအနား ကျင်းပ
Jul 08,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့မွန်းလွဲ(၃)နာရီက ကျောင်းကျန်းမာရေးဆင့်ပွားသင်တန်းအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တတ်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လမ်းမတော်မြို့နယ် အ.မ.က (၅) ကျောင်း၌ ကျောင်းကျန်းမာရေးစစ်ဆေးခြင်း ဆောင်ရွက်
Jul 08,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းကို လမ်းမတော်မြို့နယ် အမှတ် (၅) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာတက္ကသိုလ်တွင် (၇၈) နှစ်မြောက် အာဇာနည် နေ့အထိမ်းအမှတ်ဟောပြောပွဲ၊ စာစီစာကုံးနှင့်ဆောင်းပါး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ
Jul 08,2025
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာတက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမ၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးနှင့်ဆောင်းပါး ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်၁၀ နာရီ ကကျင်းပရာ မုံရွာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဆရာမကြီးဒေါက်တာစန်းစန်းအေး၊ ပါမောက္ခ (ဌာနမှူး) များ ကထိက၊ ဌာနမှူးများ၊ နည်းပြ၊ သရုပ်ပြဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့၌ စားသုံးသူဘေးကင်းလုံခြုံမှုရှိစေရေး စားသောက်ဆိုင်များအား လိုက်လံစစ်ဆေး
Jul 08,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဖျာပုံခရိုင် စားသူရေးရာဦးစီးဌာန မှဦးဆောင်၍ သက်ဆိုင်ရာဌာနဆိုင်ရာများ ပါဝင်သောပူးပေါင်းအဖွဲ့များက ဇူလိုင်လ (၈)ရက်နေ့ နံနက်ပိုင်းအချိန်က ဖျာပုံမြို့နယ်အတွင်းရှိစားသောက်ဆိုင်များအား လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1133
Page
1134
Page
1135
Page
1136
Current page
1137
Page
1138
Page
1139
Page
1140
Page
1141
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department