ရန်ကင်း ဇူလိုင် ၈
ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းဝေးစေရန်နှင့် ယာဉ်ကြောပိတ်ဆို့မှုများ မရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့စု(၃၆)မှ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်လမ်းရှင်းလင်းခြင်း လုပ်ငန်းများကို ယမန်နေ့ နေ့လယ် ၂ နာရီ၌ ရန်ကင်းမြို့နယ် ကံဘဲ့လမ်းရှိ TTC လေ့ကျင့်ရေး အလယ်တန်းကျောင်းရှေ့ သစ္စာလမ်းမကြီးပေါ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာ၌ ရန်ကင်းမြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့စု(၃၆)မှ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက ရန်ကင်းမြို့နယ်ကံဘဲ့လမ်းရှိ TTC လေ့ကျင့် ရေးအလယ်တန်းကျောင်းမှ ကျောင်းသား/သူများ ယာဉ်အန္တရာယ်ကင်းဝေးစေရန်နှင့်ယာဉ် ကြောပိတ်ဆို့မှုများ မရှိစေရန် ကျောင်းဆင်းချိန်တွင် ယာဉ်လမ်းရှင်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှလှထွေး (ပြန်/ဆက်)