အိမ်မဲမြို့၌ ကွန်ကရစ်လမ်းခင်းခြင်းနှင့် ကျောက်ချောခင်းခြင်းအား တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး

အိမ်မဲ ဇူလိုင် ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ (၂၀၂၅-၂၀၂၆) ခု ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာနှစ် အတွင်း တိုင်းဒေသကြီး (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျွဲလမ်းကမ်းနား -ထိန်ငူလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် သုတကျော်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် တကူဆိပ်- သရွတ်ကြီးလမ်း ကျောက်ချောခင်းခြင်းလုပ်ငန်းများကို ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်ဦးစီးမှူးနှင့်အတူ QC(အရည်အသွေးထိန်းသိမ်းရေးအဖွဲ့) တာဝန်ခံတို့က ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်(ပြန်/ဆက်)