ထန်ပါခွေ ဇူလိုင် ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ နာဂဒေသဖွံ့ဖြိုး တိုးတက်စေရန် မျိုးစေ့ပျိုးပင်များ၊ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ထန်ပါခွေမြို့ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ဦးက အဖွင့်အမှာစကားပြောကြားပြီး ထန်ပါခွေမြို့ စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးအောင်မင်းသူက ရေရှည်တည်တံ့သည့် စိုက်ပျိုးရေးနည်းစနစ်ကောင်းများ၊ သားစဉ်မြေးဆက် စားသုံးနိုင်မည့် နှစ်ရှည်သီးနှံစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ ဓာတုကင်းလွတ်စိုက်ပျိုးရေးသီးနှံများ ထုတ်လုပ်နည်း စသည့်နည်းလမ်းကောင်းများအား ရှင်းလင်းဆွေးနွေးပြောကြားပေးခဲ့သည်။
ထို့နောက် မြို့အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၃)အုပ်စုရှိ ဒေသခံတောင်သူများအား ကော်ဖီ၊ ထောပတ်ပင်၊ လက်ဖက်ပင်၊ နေကြာ၊စပါးမျိုးစေ့များနှင့် အစေ့ထုတ်ပြောင်းမျိုးစေ့များအား အသီးသီးပေးအပ်ခဲ့ပြီး အဆိုပါပေးအပ်ပွဲသို့ တောင်သူ(၂၅)ဦး၊ ဌာနဆိုင်ရာဝန်ထမ်း(၇)ဦး စုစုပေါင်း(၃၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အလန်(ပြန်/ဆက်)