Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လှိုင်းဘွဲမြို့ အောင်မြေသာယာကွင်း၌ ဆင်းသုခစပါးမျိုးစေ့ထုတ်စိုက်ခင်းနှင့် ဘုန်းတော်ကြီးကျောင်းအတွက် စုပေါင်း၍ မိုးစပါးထွန်ယက်စိုက်ပျိုးလျက်ရှိ
Jul 08,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ (က) ရပ်ကွက်၊ အောင်မြေသာယာကွင်းရှိ တောင်သူ ဦးကျော်စိန်၏ လယ်ယာမြေ ကွင်းအမှတ် (၁၅၃၃)၊ ဦးပိုင်အမှတ် (၁၆)၊ လယ်မြေဧက (၂၀)အား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းဝတ်ရည်စမ်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ စုပေါင်း၍ ဆင်းသုခမိုးစပါးမျိုးကို ပျိုးထောင်ခြင်း၊ လက်တွန်းထွန်စက်များဖြင့် ထယ်ထိုးထွန်မွှေခြင်း၊ စိုက်ပျိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒလမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ တွေ့ဆုံပွဲ ကျင်းပ
Jul 08,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ မြိူ့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက ဗိုလ်ရန်ပြေရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာမြို့တွင် အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် သရုပ်ပြပွဲအခမ်းအနားပြုလုပ်
Jul 08,2025
မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှဦးဆောင်ကာ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် သရုပ်ပြပွဲအခမ်းအနားကို ဇူလိုင်လ(၈)ရက်နေ့၊ မွန်းလွဲပိုင်းက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့နယ်၌ မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်လှစ်
Jul 08,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၌ မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၅)ဖွင့်ပွဲ အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့နယ်လုံးဆိုင်ရာ လောကသယမ္ဘူစေတီတော်ကြီးတွင် အကြိမ်(၄၀)မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပိတ်သိမ်းပွဲနှင့် တာဝတိံသာမြတ်စွာဘုရားအား ဝါဆိုကြာသင်…
Jul 08,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်၊ လောကသယမ္ဘူ စေတီ တော်ကြီး၏ ဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီက အကြိမ်(၄၀)မြောက် အသံမစဲမဟာပဋ္ဌာန်းပွဲ ပိတ်သိမ်းပွဲနှင့် တာဝတိံသာမြတ်စွာဘုရားအား ဝါဆိုကြာသင်္ကန်း၊ ထီး၊ ယပ်၊ မျက်နှာကျက်နှင့် တံခွန်လုံး လှူဒါန်းပွဲအခမ်းအနားကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းမြသာစည်မြို့နယ် အမှတ် (၃၆) အ.ထ.က တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jul 08,2025
အနာဂတ်၏ လူငယ်များ ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း ကျင်းပသော "လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ" ကို ယမန်နေ့ နံနက် (၉:၃၀) နာရီက အမှတ် (၃၆) အခြေခံပညာအထက်တန်းကျောင်း ဗန္ဓုလခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နာဂဒေသ၊ လေရှီးမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပ
Jul 08,2025
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပထမအကြိမ် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၇) သင်တန်းတက်ရောက်နေသည့် သင်တန်းသူများ ဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့နယ်၌ ခေါင်နှံမျိုးသန့်ရွေးချယ်စိုက်ပျိုးထားသည့် နွေစပါးနှံကောက် စံကွက်ရိတ်သိမ်းပွဲ ကျင်းပ
Jul 08,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနနှင့် ဒေသခံတောင်သူများပူးပေါင်းပြီး ရေအေးကျေးရွာစိုက်ပျိုးစီးပွားအသိပညာပေးစင်တာ(KC)ခန်းမအနီး၊ ကွင်းအမှတ် ၂၀၄၀၊ ခေါင်နှံမျိုးသန့် ရွေးချယ်စိုက်ပျိုးထားသည့် ဧက ၃၀ စိုက်ကွင်းအတွင်း၊ နွေစပါးနှံကောက် စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက တောင်သူ ဦးမြရွှေ၏ လယ်မြေတွင် ကျင်းပခဲ့ရာ စံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးအေးမင်းထွန်းနှင့် တောင်သူပညာပေးဝန်ထမ်းများ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ညောင်တုန်းအိုင်၊ ညောင်ကုန်း၊ ရေအေး၊ တရော်ပင်အင်း၊ ကြံခင်းကုန်းကျေးရွာများမှ စပါးစိုက်တောင်သူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1139
Page
1140
Page
1141
Page
1142
Current page
1143
Page
1144
Page
1145
Page
1146
Page
1147
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department