ဒေးဒရဲမြို့နယ်၊ တိုးကျေးရွာ၌ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ ပြိုကျပျက်စီးမှုဖြစ်ပွား

ဒေးဒရဲ ဇူလိုင် ၈

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ တိုးကျေးရွာ၌  ဇူလိုင်လ()ရက် ညနေ(၅)နာရီကျော်အချိန်၌ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် ငါးဖမ်းစက်လှေများ ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် တိုးကျေးရွာအုပ်စု၊ တိုးကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနဆိုင်းဘုတ်နှင့် ခြံစည်းရိုးတိုင်များ ပြိုလဲပျက်စီးခြင်း၊ လူနေအိမ် (၃၈)လုံးနှင့် ငါးဖမ်းစက်လှေ (၂)စီး  ပျက်စီးခဲ့ရာ ခန့်မှန်းတန်ဖိုးငွေကျပ် (၆၄၃၀၀၀၀)ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရပြီး သဘာဝဘေးအန္တရာယ်များကြောင့် နေအိမ်များ  ပြိုကျပျက်စီးခဲ့သည့် မိသားစုများအား  နီးစပ်ရာဆွေမျိုးများနှင့် စိတ်ချလုံခြုံရာအဆောက်အဦများ၌ ခေတ္တပြောင်းရွှေ့နေထိုင်နိုင်ရန် တာဝန်ရှိသူများ ဆောင်ရွက်လျက်ရှိပြီး ပြိုကျပျက်စီးခဲ့သည့် နေအိမ်များနှင့် မိသားစုဝင်များအား ကူညီထောက်ပံ့နိုင်ရေး ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး အဆိုပါပြိုကျပျက်စီးမှုများကြောင့် လူနှင့် တိရိစ္ဆာန် တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)