အိမ်မဲ ဇူလိုင် ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဒုတိယအကြိမ်ထပ်မံ ခွဲဝေချထားအကောင်အထည်ဖော်ဆောင်ရွက်မည့်ကျေးရွာ (၂)ရွာ ရွေးချယ်ခြင်း အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစတင်မျိုးလွင်က စီမံကိန်းကျေးရွာရွေးချယ်ရာတွင် အခြေခံမူများ၊ စီမံကိန်းကျေးရွာရွေးချယ်ခြင်းမပြုရမည့် ကျေးရွာများ အစရှိသည်တို့ကို ရှင်းလင်းပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦးက ရှင်းလင်း တင်ပြမှုအပေါ် ပြန်လည်ဆွေးနွေးပြောကြားခဲ့ကာ တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက အိမ်မဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ဒုတိယအကြိမ် ထပ်မံခွဲဝေချထား အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ (၂) ရွာအား ရွေးချယ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်