Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာ(၄)ရွာ၌ အိမ်တိုင်ရာရောက် စုပေါင်းရေပေးရေးဖွင့်ပွဲ ကျင်းပ
Apr 01,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ အတွင်းရှိ ကျေးရွာများတွင် နွေရာသီရေပြတ်လပ်မှုမရှိစေရေးနှင့် ကျေးလက်နေပြည်သူများ သောက်သုံးရေ ဖူလုံစွာရရှိသုံးစွဲနိုင်ရေးအတွက် မြို့နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ရေပေးရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ ကျေးရွာ(၄)ရွာသို့ အိမ်တိုင်ရာရောက် စုပေါင်းရေပေးရေး ဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက တောင်ရှေ့ကျေးရွာအုပ်စု၊ ထီဆုံ(ပေါ်)ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဓနုဖြူမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Apr 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လှည်းကူးမြို့နယ် ရွှေတောင်ပန်ကျေးရွာတွင် မြစိမ်းရောင်ရန်ပုံငွေ (သတ္တမ) နှစ်စက်ဝန်းအတွက် ငွေကျပ် (၄၄၄၅၀၀၀၀ )သိန်း ထုတ်ချေး
Apr 01,2023
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာနေပြည်သူများ လိုအပ်သော အရင်းအနှီးရရှိစေရန်၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန်နှင့် မိသားစုဝင်ငွေ တိုးပွားစေရန်ရည်ရွယ်၍ ၊မြစိမ်းရောင်ရန်ပုံငွေ (သတ္တမ)နှစ်စက်ဝန်း အတွက်ချေးငွေထုတ် ချေးပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဒါးပိန်တောင်ကျေးရွာအုပ်စု၊ ရွှေတောင်ပန်ကျေးရွာတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှည်းကူးမြို့နယ်တွင် အခြေခံစားသောက်ကုန်များ စျေးနှုန်းသက်သာ စွာရောင်းချပေး
Apr 01,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ရန်ကုန်တိုင်းစစ်ဌာနချုပ် အင်းတိုင်တပ်နယ်မှ အရာရှိ စစ်သည်များ ဦးဆောင်ပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များအား အခြေခံ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိနိုင်ရေးအတွက် ယမန်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းတွင် စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မချမ်းဘော့၌ အခြေခံအင်္ဂလိပ်စာ (Grammar) သင်တန်းနှင့် Physical Fitness Dance သင်တန်းဆင်းပွဲ ကျင်းပ
Apr 01,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ကျောင်းသားလူငယ်များ ဗလငါးငါးတန် ဖွံဖြိုးတိုးတက်စေရန်နှင့် နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော အခြေခံအင်္ဂလိပ်စာ (Grammar)အခမဲ့သင်တန်းနှင့်Physical Fitness Dance အခမဲ့သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးများအား ငွေကြေးထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနားကျင်းပ
Apr 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၌ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ် အတွင်း ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေး များအား ငွေကြေးထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ (၄)နာရီ၌ ရွှေသာလျောင်ဘုရားကြီး ဂန္ဓကုဋီတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့၊ စာသင်ကျောင်းများ စိမ်းလန်း စိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေး ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေ…
Apr 01,2023
မွန်ပြည်နယ်အတွင်း အခြေခံပညာ စာကျောင်းများတွင် သန့်ရှင်း၍ စိမ်းလန်းစိုပြေပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေး အလေးထားဆောင်ရွက် လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဧပြီလ ၁ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းဝင်းအတွင်း၊ ဘေးပတ်ဝန်းကျင်ရှိခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်း သာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်း ဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကမာရွတ်မြိုနယ်၌ မဟာသင်္ကြန်ရေသဘင်ပွဲတော် ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Apr 01,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန် ရေသဘင်ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနိုင်းအစည်းအဝေး (၁/၂၀၂၃)ကို ယနေ့မွန်းလွဲပိုင်းတွင် ကမာရွတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
11345
Page
11346
Page
11347
Page
11348
Current page
11349
Page
11350
Page
11351
Page
11352
Page
11353
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department