ကမာရွတ်မြိုနယ်၌ မဟာသင်္ကြန်​ရေသဘင်ပွဲ​တော် ကျင်းပနိုင်​ရေး ညှိနှိုင်းအစည်းအ​ဝေးကျင်းပ

ကမာရွတ်   ဧပြီ ၁

ရန်ကုန်တိုင်း​ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန် ​ရေသဘင်ပွဲ​တော်ကျင်းပနိုင်​ရေး လုပ်ငန်းညှိနိုင်းအစည်းအ​ဝေး (၁/၂၀၂၃)ကို ယ​နေ့မွန်းလွဲပိုင်းတွင် ကမာရွတ်မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ရုံး အစည်း​ဝေးခန်းမ၌ ကျင်းပသည်။

အစည်းအ​ဝေးတွင် ကမာရွတ်မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ကောင်းမြင့်သူက ကမာရွတ်မြို့နယ်တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန် ​ရေသဘင်ပွဲ​တော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်​ရေး၊ လုံခြုံ​ရေး၊ ဗဟိုမဏ္ဍပ်များ၊​ ရေကစားမဏ္ဍပ်များ စနစ်တကျ တည်​ဆောက်​ရေးနှင့် ​ဖျော်​ဖြေ​ရေး အစီအစဥ်များ၊ အကယိမ်းအဖွဲ့များ ပါဝင်နိုင်ရေးတို့အတွက် ​ဆွေး​နွေး​ပြောကြားသည်။

ဆက်လက်၍ တက်​ရောက်လာကြသည့် မြန့်မာ့ရိုးရာ မဟာသင်္ကြန်ပွဲ​တော်ဖြစ်​မြောက်​ရေးဆပ်​ကော်မတီဥက္ကဠနှင့် အတွင်း​ရေးမှုးများက မိမိတို့ ဆပ်​ကော်မတီများအလိုက် တာဝန်ယူ​ဆောင်ရွက်ထားရှိမှု အ​ခြေအ​နေများကို ​ဆွေး​နွေးတင်ပြခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်​ရေးဥက္ကဋ္ဌက ညှိနှိုင်း​ပေါင်းစပ်​ဖြေရှင်း​ပေးခဲ့​ကြောင်း သိရသည်။

စိမ်းလဲ့(ပြန်ဆက်)